အနိုင်ရ NLD ပါတီဖော်ဆောင်မယ့် ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေမှာ လိုက်ပါဖို့အသင့်ရှိတယ်လို့ TNLA ပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အသိမှတ်ပြုပြီး တန်းတူရေးကို အရေးထားမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖော်ဆောင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လိုက်ပါဖို့အဆင်သင့်ရှိနေတယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ပြောလိုက်ပါတယ်။

တအာင်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ကို တွေ့ရစဉ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အသိမှတ်ပြုပြီး တန်းတူရေးကို အရေးထားမယ်ဆိုရင်  ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖော်ဆောင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လိုက်ပါဖို့အဆင်သင့်ရှိနေတယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ပြောလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရတဲ့အပေါ် သဘောထားနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် အကောင်အထည်ဖော်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ရဲ့အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်ကို RFA သတင်းထောက် ကိုကံသာ က ဆက်သွယ်မေးမြန်းထားပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org