တမူးမြို့က နန်းဖာလုံဈေးကို ယာယီပိတ်ထား
မြန်မာ - အိန္ဒိယ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ၂၀၁၆ ဒီဇင်ဘာ လကုန်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ် ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့ကလည်း ဒေသခံ ၂ ယောက်ကို အမည်မသိသူ ၃ ယောက် က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
-
2017-01-06 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ - အိန္ဒိယ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ၂၀၁၆ ဒီဇင်ဘာ လကုန်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့ကလည်း ဒေသခံ ၂ ယောက်ကို အမည်မသိသူ ၃ ယောက်က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဖြစ်ပွားပြီးနောက် လုံခြုံရေးအတွက် အများပြည်သူ သွားလာနေတဲ့ နန်းဖာလုံဈေးကို ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပိတ်ထားတယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။
တမူးမြို့နယ် အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးပူဟင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။