သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး

လာမယ့် ဇူလိုင်လ ၂၃ ရက် တနင်္လာနေ့ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်ဖြစ်တဲ့ အတွက် ကျန်ရစ်သူ မိသားစုဝင်တွေက ဆွမ်းကျွေးအလှူ ပြုလုပ်မှာဖြစ်သလို စာပေနဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ ကလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမမှာ အခမ်းအနား ကျင်းပဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ဖြစ်ပါသည်။ RFA

ဒါ့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီးပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကော်မတီပြန်ကြားရေးတာဝန်ခံ ဒီဇိုင်နာ ဦးထွန်းဝင်းငြိမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org