အရေးယူခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိ

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုကို မမှန်မကန်စစ်ဆေးတာ၊ လိုင်းကြေးတောင်းတာ၊ အမှုဆင်ဖမ်းတာနဲ့ တရားခံကို မဖမ်းတာတွေကြောင့် တိုင်ကြားခံရတဲ့ ရဲမှူးအဆင့်ကနေ ရဲဘော်အဆင့်အထိ ဝန်ထမ်း ၂၀၀ ကျော်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းမင်းက ပြောပါတယ်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းမင်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။