ဆေးတပ်က ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် နွေဦးတော်လှန်ရေးမှာ ပါဝင်လာ

အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါပြီ။

အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် ကို တွေ့ရစဉ် .

အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါပြီ။ စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးခံရသူတွေကို လူမဆန် ရက်စက်စွာ စစ်ဆေးမှုကြောင့် သေဆုံးသွားပြီး နောက်မှာ ဆေးစစ်ချက်တွေကို အဖြစ်မှန် ဖုံးကွယ်ဖော်ပြနေကြောင်းနဲ့ ရွှေပြည်သာ စု အသက်မွေးဝမ်း ကျောင်းက NLD အဖွဲ့ဝင်တစ်ယောက် စစ်ကြောရေးမှာ သေဆုံးခဲ့ရမှုမှာလည်း မျက်နှာကို အက်စစ်နဲ့ လောင်းပြီး စစ်ဆေးခဲ့တယ်လို့ သုံးသပ်ကြောင်း RFA ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဗိုလ်ကြီး မင်းမောင်မောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org