0:00 / 0:00
မန္တလေးမြို့ကနေ ဒီလ ၂ဝ ရက်နေ့က စတင်ထွက်ခွါလာတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်ဟာ ဒီနေ့ ကျောက်ပန်းတောင်းမြို့မှာ ရပ်နားနေပြီး ဧရာဝတီတိုင်းက ဆန္ဒပြကျောင်းသားတွေနဲ့ မနက်ဖြန်ပူးပေါင်းမှာဖြစ်ပါတယ်။
ကျောက်ပန်းတောင်းမြို့ကိုရောက်ရှိနေတဲ့ ဆန္ဒပြကျောင်းသားတွေထဲက ကိုမိုးထက်နေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။