သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-06
ဇူလိုင် ၃ ရက်ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်းနဲ့ မော်လိုက်မြို့တွေမှာ ချင်းတွင်းမြစ်ရေ ကြီးတာကြောင့် လူဦးရေ ၁၆ဝဝ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့ပေးထားရပြီး ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။
2017-07-05
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက် ထက်မှာ ဖြိုဖျက်ခံလိုက်ရတဲ့ ရန်ကုန်တက္ကသိုလ်ဝန်း ထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံနေရာမှာ သမဂ္ဂအဆောက်အအုံ ပြန်တည်ဆောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်နေပါတယ်။
2017-07-04
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်နေမှုတွေကို လေ့လာစုံစမ်းရေးကော်မတီအနေနဲ့ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်တွေကို သွားရောက် ကွင်းဆင်း လေ့လာမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
2017-07-04
၂၀၁၇ ခုနှစ်မှာ ပြည်နယ်နဲ့တိုင်းအတော်များများမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေပြီး သေဆုံးမှု နှုန်းလည်း များတဲ့အတွက် ကျန်းမာရေးဌာနက ကပ်ရောဂါအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သောင်းလှိုင်က ပြောပါတယ်။
2017-07-03
TNLA က ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးရေး အခမ်းအနားကို သွားရောက် သတင်း ယူခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်ဦးသိန်းဇော်ရဲ့ အမှုကို တရား လွှတ်တော် ရှေ့နေ ဒေါ်ခင်မိမိက လိုက်ပါဆောင် ရွက်ပေးမှာဖြစ်ပါတယ်။
2017-07-03
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကနေ ဒီနေ့အထိ လေး ရက်တာကာလအတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင် ငံသား တစ်သောင်းခွဲကျော်ဟာ မြဝတီ နဲ့ ကော့သောင်းမြို့တွေမှာရှိတဲ့ နယ်စပ်ဂိတ်တွေ ကနေတဆင့် မြန်မာပြည်ကို ပြည်လည်ရောက်ရှိလာ ပြီလို့ ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသူတွေ က ပြောပါတယ်။
2017-07-02
ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီ ကိုးသုံးလုံး ဂိတ်ကတဆင့် မြန်မာပြည်ကို ပြန်လာတဲ့ အလုပ် သမား တစ်သောင်းကျော်ရှိနေပြီလို့ နေ ရပ်ပြန်လာတဲ့ အလုပ်သမားတွေကို မြဝတီမြို့မှာ အကူအညီပေးနေသူတွေက ပြောပါတယ်။
2017-07-01
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ဖမ်းဆီးမှုတွေရှိနေတာကြောင့် အထောက်အထားမခိုင်လုံတဲ့ အလုပ်သမားတွေဟာ တနသာၤရီတိုင်းဒေသကြီး မောတောင်နယ်စပ်ဂိတ် ကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာနေပါတယ်။
2017-07-01
ထိုင်းနိုင်ငံအစိုးရက တရားမဝင်နိုင်ငံခြားသားတွေအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေသစ်ကို ခေတ္တရပ်ဆိုင်းတယ်လို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2017-06-30
သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်တွေနဲ့ အခက်အခဲတွေကို သတ္တိရှိရှိရင်ဆိုင်သွားမှာဖြစ်ပြီး ဒါဟာ အမျိုးဘာသာ သာသနာအကျိူးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြော ပါတယ်။
2017-06-30
ထိုင်းနိုင်ငံမှာ မကြာသေးမီက ပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ တရားမဝင် မြန်မာအလုပ် သမားတွေကို ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရကို ထိုင်းနိုင်ငံခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းက ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2017-06-30
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက နေအိမ် ရှင်းလင်းဖယ် ရှားခံရသူတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတ ရုံးထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေကိုပါ အရေးယူဆောင်ရွက် ပေးဖို့ အကြံပြုထားပါတယ်။
2017-06-28
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိနေတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရန်တန့်ပေးဖို့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တို့က မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-06-28
တအာင်းလွတ်မြောက်ရေးတပ်မတော်က ကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့တိုက်ဖျက်ရေး အခမ်းအနား ကို သတင်းသွားယူခဲ့တဲ့ သတင်းသမား ၃ ဦးနဲ့အတူ ယာဉ်မောင်း ၃ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်က အမှုဖွင့်ပြီး သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
2017-06-28
စားသုံးသူတွေရဲ့ ထိခိုက်နစ်နာတာတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ဖွင့်လှစ်ထားပြီး ခရိုင်ရုံးတွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။