ရှမ်းပြည်နယ်မှာ လေယာဉ်ကွင်း တည်ဆောက်လိုကြောင်း ဦးနေဝင်း မြေးနှစ်ဦး တင်ပြ

0:00 / 0:00

စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရရုံးမှာ လာရောက်တွေ့ဆုံပြီး မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်လိုကြောင်း တင်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။