စစ်တွေမြို့ ပဋိပက္ခ စစ်ဆေးတွေ့ရှိမှုများအပေါ် မေးမြန်းချက်

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ မတ်လ ၂၆ ရက် နဲ့ ၂၇ ရက်နေ့တွေမှာဖြစ်ပွားခဲ့တဲ့ INGO နဲ့ ဒေသခံတွေကြားက ပဋိပက္ခဟာ မသမာသူတစ်စုရဲ့ ကြံစည်လုပ်ဆောင်မှုသာ ဖြစ်ကြောင်း စစ်တွေပဋိပက္ခ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဒီကနေ့ စစ်တွေမြို့က ကုလသမဂ္ဂ နဲ့ နိုင်ငံတကာထောက်ပံ့ကူညီရေးအဖွဲ့က တာဝန်ရှိသူတွေကိုတွေ့ဆုံခဲ့သလို ပဋိပက္ခအတွင်း မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းမှုတွေကနေ အခုလို စစ်ဆေးတွေ့ရှိခဲ့ တာဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။ ဦးလှသိန်းကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာ နားဆင်နိုင်ပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org