ဆင်ဖြူရှင်ကျွန်းကရွာကို မီးရှို့ခဲ့ကြောင်း CDM စစ်တပ်အရာရှိပြော
တနင်္သာရီတိုင်း ထားဝယ်မြစ်လယ်က ဆင်ဖြူရှင်ကျွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ - ၄၀၂) က နယ်မြေရှင်းလင်းရေး ဆိုပြီး သွားရောက်ခဲ့ရာမှာ နေအိမ်တစ်ချို့ကို မီးရှို့ခဲ့ရကြောင်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ CDM အရာရှိ တစ်ယောက်က RFA ကို ပြောပါတယ်။
- 2021-12-07
-
-
-
တနင်္သာရီတိုင်း ထားဝယ်မြစ်လယ်က ဆင်ဖြူရှင်ကျွန်းရွာက မီးလောင်နေတဲ့ နေအိမ်တွေ ၂၀၂၁၊ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - CDM အရာရှိတစ်ဦး
တနင်္သာရီတိုင်း ထားဝယ်မြစ်လယ်က ဆင်ဖြူရှင်ကျွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ - ၄၀၂) က နယ်မြေရှင်းလင်းရေး ဆိုပြီး သွားရောက်ခဲ့ရာမှာ နေအိမ်တစ်ချို့ကို မီးရှို့ခဲ့ရကြောင်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ CDM အရာရှိ တစ်ယောက် က RFA ကို ပြောပါတယ်။
ဆင်ဖြူရှင်ကျွန်းဟာ ခမရ - ၄၀၂ တပ်ရင်းကနေ တစ်နာရီကျော် ကားနဲ့ သွားရတဲ့နေရာမှာရှိပြီး သတင်းအရ သွားရောက်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီက နေအိမ်တွေမှာ ရှာဖွေတွေ့ရှိတာတွေ၊ နေအိမ်ကို မီးရှို့တာတွေကို လည်း ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း ရိုက်ယူပြီး ပြန်တင်ပြဖို့ ညွှန်ကြားထားတယ်လို့ CDM အရာရှိက ပြောပြ ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ CDM အရာရှိကို RFA က မေးမြန်းထားပါတယ်။