ရှမ်းပြည်နယ်တိုင်းရင်းသားပေါင်းစုံ ညီလာခံကျင်းပ

0:00 / 0:00

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဦးစီးကျင်းပတဲ့ ရှမ်းပြည်နယ်တိုင်းရင်းသား ပေါင်းစုံညီလာခံကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှာ ဒီနေ့ ကျင်းပရာ တိုင်းရင်းသား ပါတီ ၁၀ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီညီလာခံကနေ လာမယ့်ရွေးကောက်ပွဲအပြီး ရှမ်းပြည်နယ်အစိုးရကို တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းသွားကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။