ဒုက္ခသည်စခန်းက ကလေးငယ်တွေအခြေအနေ မေးမြန်းချက်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခသည် စခန်းတွေမှာ လူဦးရေ ၃ထောင်နီးပါးရောက်ရှိနေပြီး အများစုဟာ ကလေးငယ်တွေ ဖြစ်ပြီး ကလေးဦးရေ ၆၀၀ ကျော်အထိ ရှိနေပါတယ်။
-
2015-12-02 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခသည် စခန်းတွေမှာ လူဦးရေ ၃ထောင်နီးပါးရောက်ရှိနေပြီး အများစုဟာ ကလေးငယ်တွေ ဖြစ်ပြီး ကလေးဦးရေ ၆၀၀ ကျော်အထိ ရှိနေပါတယ်။
တိုက်ပွဲတွေကြောင့် မိဘတွေနဲ့အတူထွက်ပြေးကြရတဲ့ ကလေးငယ်တွေဟာ နေထိုင်စားသောက်မှု ခက်ခဲတဲ့အပြင် ပညာသင်ကြားမှုပါ မရတော့ပါဘူး။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက နာရေးကူညီမှုအသင်း (ရန်ကုန်)နဲ့ အတူ အဲဒီစခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာရှိနေတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့က ကိုအောင်အောင်ကျော်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။