0:00 / 0:00
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဒီနေ့ ပင်လုံမြို့မှာ အကြိုလူထုဟောပြောပွဲ စတင်ကျင်းပရာ တပ်မတော်က တားမြစ်ခဲ့တဲ့အတွက် ဟောပြောပွဲ ပျက်သွားပါတယ်။
အဲဒီပွဲတွေ ဦးဆောင်ကျင်းပနေတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီမှာ ပါဝင်တဲ့ SNDP ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။