0:00 / 0:00
မန္တလေးမြို့မှာ ဇူလိုင်လ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူမှာ သေဆုံးခဲ့သူ ကိုကျော်ကျော်ရဲ့ ဈာပနအတွက် ပုသိမ်ကြီးမြို့နယ် ရွှေကြေးစည် နာရေးကူညီမှုအသင်း နာယက ဆရာတော် ဦးဥတ္တမက နာရေးကြော်ငြာ ဖိတ်စာတစောင်ဖြန့်ဝေခဲ့ပါတယ်။ အဲဒီဖိတ်စာကို လူမျိုးရေး ဘာသာရေး လှှုံ့ဆော်တဲ့စာအဖြစ် ယူဆသူတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေကြေးစည် ဆရာတော်ဦးဥတ္တမကို ဦးတင်အောင်ခိုင်က ဆက်သွယ် လျောက်ထား မေးမြန်းခဲ့ပါတယ်။