ရခိုင်မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ

ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရိုဟင်ဂျာ လူဦးရေ နှစ်သိန်းနီးပါးရှိပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဘူးသီးတောင်မြို့နယ်မှာ ပိုမိုဖိအားပေးခံနေရတာဖြစ်ပြီး ဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ ရှောင်လွှဲလို့မရဘဲ လူမျိုးရေးပဋိပက္ခအသွင်ဆောင်သွားမှာ စိုးရိမ်နေကြပါတယ်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org