ဖမ်းဆီးခံသတင်းသမားတွေ ပထမဆုံးအကြိမ်ရုံးထုတ်

ရန်ကုန်မြို့က စစ်ကောင်စီကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၆ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးချိန်းထုတ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ခြောက်ဦးကို ၂၀၂၁ မတ် ၁၂ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်

ရန်ကုန်မြို့က စစ်ကောင်စီကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၆ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးချိန်းထုတ်ခဲ့ပါတယ်။

Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ MPA သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုရဲမျိုးခန့်၊ AP သတင်းဌာနက ကိုသိန်းဇော်၊ 7 Day သတင်းစာက ကိုအောင်ရဲကို၊ အလွတ်သတင်း ထောက် ကိုဗညားဦး၊ ဇီးကွက် သတင်းဌာနက ကိုဟိန်းပြည်ဇော်တို့ သက်ဆိုင်ရာ မြို့နယ်တရားရုံး တွေမှာ ရုံးထုတ်ခဲ့တာပါ။

ဒီနေ့ရုံးထုတ်မှာ ရှေ့နေပါဝါတင်တာတွေအပြင် ကာယကံရှင်နဲ့ မိသားစုဝင်တစ်ဦးကိုလည်း ဗီဒီယိုအွန်လိုင်း စနစ်နဲ့ စကားပြောခွင့် ပြုခဲ့တယ်လို့ မကေဇွန်နွေးနဲ့ ကိုအောင်ရဲကိုတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ပါတီ ဗဟိုဥပဒေရေးရာ အထောက်အကူပေးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က RFA ကို ပြောပါတယ်။

မကေဇွန်နွေးကို စမ်းချောင်းမြို့နယ်တရားရုံးမှာ မတ်လ ၂၅ ရက်နေ့ ရုံးချိန်းပြန်ချိန်းဆိုလိုက်ပြီး ကိုအောင်ရဲကို ကိုကမာရွတ်မြို့နယ် တရားရုံးမှာ မတ်လ ၂၄ ရက်နေ့ ရုံးချိန်းပြန်ချိန်းပါတယ်။

သူတို့နှစ်ဦး အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ပြည်သူ့ပါတီရဲ့ ဗဟိုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင် ပြောပြချက်ကို ကြည့်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org