ပြည်နယ်လွှတ်တော်ဥက္ကဌရဲ့ မြေ ၁ဝ ဧကပေါ်မှာ လုပ်မယ့် အစီအစဉ် ဒေသခံတွေ ကန့်ကွက်

0:00 / 0:00

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာက မြေ ၁၀ ဧကပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဗောဓိပင်တစ်ထောင်နဲ့ ဘုရားဆင်းတု တစ်ထောင်တည်ထားဖို့အတွက် မြေသိမ်းယူဖို့ စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

ဒေသခံတွေ သဘောမတူရင် ဆက်လုပ်မှာမဟုတ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။

ဦးစံကျော်လှ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။