ပိုလျံတဲ့ ဘဏ္ဍာငွေတွေကို ရခိုင်ပြည်နယ်အစိုးရ ဒေသ ဖွံ့ဖြိုးရေး သုံးစွဲမည်

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ကနေပိုလျှံတဲ့ ငွေ ကျပ် လေးဘီလျံဝန်းကျင်ကို ပြည်ထောင်စုအစိုးရ ကို ပြန်မအပ်ဘဲ မြို့နယ်အသီးသီးရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါတယ်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ကနေ ပိုလျှံတဲ့ ငွေကျပ် လေးဘီလျံဝန်းကျင်ကို ပြည်ထောင်စုအစိုးရကို ပြန်မအပ်ဘဲ မြို့နယ်အသီးသီးရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။ မြို့နယ်အလိုက် အရေးတကြီးလိုအပ်နေတဲ့ ရေတွင်း၊ ရေကန်၊ လမ်း၊ တံတား စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။ ဝန်ကြီး ဦးမင်းအောင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org