ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှု မေးမြန်းချက်
စက်တင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေက သံတမန်တွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေကို သွားရောက် ကြည့်ရှုလေ့လာဖို့ အစိုးရဘက်က ဖိတ်ကြားထားပါတယ်။
-
2017-09-28 -
-
-
Your browser doesn’t support HTML5 audio
စက်တင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေက သံတမန်တွေကို ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းက အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေကို သွားရောက် ကြည့်ရှုလေ့လာဖို့ အစိုးရဘက်က ဖိတ်ကြားထားပါတယ်။
တဖက်ကလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီ ချက်တွေကို အခြေခံပြီး စိစစ်လက်ခံဖို့ အစိုးရဘက်က ဆောင်ရွက်နေသလို ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုတွေအပေါ် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မေဝမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။