0:00 / 0:00
ရခိုင်ပြည်နယ်အတွင်း UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ရေးတွေလုပ်ဆောင်မယ် ဆိုရင် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချုပ်စာတမ်းတွေသာမက သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက် အပြည့်အစုံပါမှသာ လက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဦးတင်မောင်ဆွေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။