ရခိုင်ပြည်နယ် ရေထုညစ်ညမ်းမှုကိစ္စ တွေ့ဆုံဆွေးနွေးပွဲ

0:00 / 0:00

ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေအထိ ကျယ်ပြန့်လာနေတဲ့ ရေထုညစ်ညမ်းမှုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုအပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စောင့်ကြည့်ရေးအဖွဲ့က ညှိနှိုင်းရေးမှူး ဦးရဲသိမ်းဦးကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။