အဖွဲ့ပေါင်း ၂ဝ နီးပါးက တိုးတက်သော ဒီမိုကရက်တစ် အင်အားစု ဖော်ဆောင်လာ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ် ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မှိုင်းရာပြည့်၊ ၇၄-၇၅ အဖွဲ့ စတဲ့ နိုင်ငံရေးအင်အားစု အဖွဲ့ ၂၀ လောက်က တိုးတက်သောဒီမိုကရက်တစ် အင်အားစု Progressive Democratic Force ဆိုတဲ့ နာမည်နဲ့ အစုအဖွဲ့တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
-
2017-12-27 -
-
-
Your browser doesn’t support HTML5 audio
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မှိုင်းရာပြည့်၊ ၇၄-၇၅ အဖွဲ့ စတဲ့ နိုင်ငံရေးအင်အားစု အဖွဲ့ ၂၀ လောက်က တိုးတက်သောဒီမိုကရက်တစ်အင်အားစု Progressive Democratic Force ဆိုတဲ့ နာမည်နဲ့ အစုအဖွဲ့တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။ ဒီနေ့မှာတော့ တိုင်းပြည်မှာ လက်ရှိဖြစ်နေတဲ့ KNPP တပ်သားတွေ အသတ်ခံရတဲ့ကိစ္စ၊ ရှမ်းပြည်နယ်မှာ နိုင်ငံရေးအကြိုဆွေးနွေးပွဲတွေ ပိတ်ပင်ခံရတဲ့ကိစ္စ၊ ဆရာ/ဆရာမတွေ ပြည်ပထွက်ခွင့် ကန့်သတ်ချုပ်ချယ်ခံရတဲ့ကိစ္စ၊ သတင်းသမားတွေ အဖမ်းခံရတဲ့ကိစ္စတွေကို အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ တိုက်တွန်းတဲ့ကြေညာချက်ကို PDF အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီအကြောင်းတွေအပြင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုက ၈ လေးလုံးပါတီနဲ့အပြိုင်လား၊ အဲဒီပါတီသစ်ကို ဘယ်လိုသဘောထားလဲဆိုတာတွေနဲ့ပတ်သက်လို့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကိုတိုးတိုးထွန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။