ပုဂ္ဂလိကသတင်းစာ မကြာခင် ထုတ်ဝေခွင့် ပြုတော့မည်

မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေ မကြာခင်မှာ ထုတ်ဝေခွင့် ပြုတော့မှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

အမြုတေ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ တောင်းဆိုချက်တွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးမှာ ဖြစ်သလို ပုံနှိပ် မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အများလက်ခံနိုင်တဲ့ ဥပဒေဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမယ့် အကြောင်းနဲ့ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် အစီအစဉ်တွေ ချမှတ် ဆောင်ရွက်နေကြောင်းလည်း မနေ့က MJA မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးသိန်း ခေါ် စာရေးဆရာ မောင်ဝံသနဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

စာရေးဆရာ မောင်ဝံသနဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org