သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ရှေ့နေတွေ ခုချိန်ထိ တွေ့ခွင့်မရသေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD နာယက ဦးဝင်းထိန်တို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ လိုက်ခွင့်ပါဝါရယူရေးမှာ အခက်အခဲတွေ အများကြီး ရှိနေပြီး ကာယကံရှင်တွေနဲ့ ခုချိန်ထိ တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD နာယက ဦးဝင်းထိန်တို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ လိုက်ခွင့်ပါဝါရယူရေးမှာ အခက်အခဲတွေ အများကြီး ရှိနေပြီး ကာယကံရှင်တွေနဲ့ ခုချိန်ထိ တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဘက်က ရှေ့နေတွေ ငှားရမ်းခွင့်၊ တိုင်ပင်ခွင့်စတဲ့ ဥပဒေကြောင်းအရ အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို သီးခြားစီ နေအိမ်တွေမှာ ဖမ်းဆီးထိန်းသိမ်း ထားတာဖြစ်ပြီး ဦးဝင်းထိန်ကိုတော့ နေပြည်တော်က အချုပ်ထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org