ကြိုတင်မဲကောက်ယူမှု အခြေအနေ ဘယ်လိုရှိသလဲ

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲကောက်ယူနေတဲ့ အခု ၂ ရက်မှာ ထင်ရှားတဲ့နေရာ တချို့မှာ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်တာတွေ ရှိပေမယ့်၊ နေရာ အတော်များများမှာ နည်းလမ်းတကျ စည်းစံနစ်အတိုင်း မဆောင်ရွက် ဘူးလို့ သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကနေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဌ ဦးသုဝေ၊ ၈၈ -မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးစီးနေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက် အဖွဲ့က ကိုဆန်နီ၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီက ကိုမင်းမင်းလတ် နဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဦးအောင်စိုး တို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းပြီး စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org