PR စနစ် ခုံရုံးဆုံးဖြတ်ချက်ရယူ မယ့်ကိစ္စ ဒေါက်တာအေးမောင်နဲ့ မေးမြန်းချက်

လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာရ်( ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး အဆုံး အဖြတ် ရယူဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်လိုက် ကြပါတယ်။

လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာရ်( ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဆုံး အဖြတ် ရယူဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်လိုက် ကြပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက် သွယ်မေးမြန်းထားပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ မေးမြန်းချက် အပြည့်အစုံ

ကိုကျော်သူ။         ။ဆရာ ဒေါက်တာအေးမောင် ခင်ဗျာ အမျိုးသားလွှတ်တော်မှာ PR စနစ်ကျင့်သုံးမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာကို ဆရာတို့အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆီတင်မယ်လို့ သိရလို့ပါဆရာ

ဒေါက်တာအေးမောင်။     ။ ကျနော်တို့ကတော့ ရည်မှန်းထားတာပဲလေ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်က ကော်မရှင်ဖွဲ့ပြီး အတည်ပဲပြုပြု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ညီညွှတ်မှုရှိ မရှိကို မေးသင့်တယ်ဆိုတဲ့ အယူအဆမျိုးပါ၊ ပြည်သူ့လွှတ်တော်ဘက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို မမေးခင် ကတည်းက ကျနော်တို့နှုတ်ထွက်ကြတယ်၊ PR ကိုစတင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှုတ်ထွက်တယ်၊ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကလဲ အသီးသီးနှုတ်ထွက်ကြတယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို မေးမြန်းမှပဲ PR စနစ်သည် အမျိုးသားလွှတ်တာ်နဲ့ ဖွဲ့စည်းပုံအရ ကိုက်ညီမှုရှိ မရှိကို မေးသင့်တယ်ဆိုတာမျိုး ကျနော်တို့အယူ အစရှိခဲ့ကြပါတယ်၊ အဲ့အယူအစကို အခုအကောင်အထည်ဖော်တဲ့ သဘောပါပဲ၊ အမျိုးသားလွှတ်တော်မှာလဲ မေးမြန်းခြင်းဟာ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ဖွဲ့စည်းပုံအရ သင့်တော်မှုရှိ မရှိဆိုတာတစ်ခု အဖြေကတော့ ရမယ်လို့ယူဆပါတယ်၊

ကိုကျော်သူ။         ။ အမျိုးသားလွှတ်တော် ဥက္ကဌကလဲ PR စနစ်ကျင့်သုံးမယ် ဆိုတာကို အမျိုးသားလွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ကိုက်ညီတယ်လို့ ပြောထားတယ်၊ ဆရာတို့ဖက်ကရော ဘယ်လိုထင်မြင်ယူဆပါလဲဆရာ၊

ဒေါက်တာအေးမောင်။     ။ အမျိုးသားလွှတ်တော် ဥက္ကဌကတော့ ညီညွတ်တယ်လို့တော့ ပြောတာပေါ့၊ ဒါပေမယ့် သူပြောတာပဲရှိတာပေါ့ဗျာ၊ ခုံရုံးရဲ့ အဆုံးအဖြတ်ကို နာခံသင့်တယ် ဆိုတဲ့သဘောနဲ့ ကျနော်လက်မှတ်ထိုးပါတယ်၊ ကျနော်ထိုးတဲ့ အမှတ်စဉ်က ၂၅ ပါ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း လက်မှတ်ရပြီးမှ လွှတ်တော်ရဲ့ ဥက္ကဌ ဆီကိုတင်ရပါတယ်၊လွှတ်တော် ဥက္ကဌ ကတဆင့် ခုံရုံး ဥက္ကဌဆီကို သဝဏ်လွှာပါးဖို့ တာဝန်သည်အမျိုးသားလွှတ်တော် ဥက္ကဌမှာပဲ ရှိသွားပါတော့တယ်၊ အဲ့ဒီနောက်တော့ ကျနော်ထင်တယ် ရှေ့နေရှေ့ရပ် တွေနဲ့လဲ ရင်ဆိုင်ရတာရှိပါတယ်၊ ကျနော်တို့ တင်တာမို့လို့လေ၊

ကိုကျော်သူ။         ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက် အဖြေက ဘယ်လိုအဖြေ ဖြစ်လာမယ်ဆိုတာရော ဆရာတို့မျှော်လင့်ထားလဲဗျ

ဒေါက်တာအေးမောင်။     ။ ခုံရုံးဆုံးဖြတ်သည်သာလျှင် အဖြေပေါ့ဗျာ၊ ကျနော်တို့က ၂၂ ဦးဆိုရင် ၁၀ ရာခိုင်နှုန်းမြောက်ပါတယ်၊ ၂၅ ဦးလက်မှတ်ထိုးရင် ခုံရုံးက ဖြေရမယ့် သဘောဖြစ်သွားပါပြီ၊ အဲ့တော့ အမျိုးသားလွှတ်တော်ဥက္ကဌ ကခွင့်ပြုဖို့လိုတာပေါ့၊ ဥပဒေအရလဲ သူခွင့်ပြုရမယ့် သဘောပါပဲနော်၊ အမျိုးသားလွှတ်တော် နည်းဥပဒေ အရလဲ ခွင့်ပြုရမယ်၊ တိတိကျကျ တစ်ခု ရမှပေါ့၊ ဘာလို့လဲဆိုရင် တိုင်းဒေသကြီးတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးတဲ့ နယ်မြေတွေရှိပါတယ်၊ ရှမ်းတို့ စစ်ကိုင်းတို့မှာ ရှိတယ်၊ သူတို့က တစ်ဦးကျစီဆိုတာမျိုး ပါလာတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပအို့ရှိမယ်၊ ဓနုရှိမယ်၊ တအာင်းရှိမယ် စသဖြင့်ပေါ့နော်၊ ဝ ကတော့တိုင်းပေါ့နော်၊ နောက်နာဂရှိမယ်၊ သူတို့တွေကို တစ်ဦးကျစီဆိုတဲ့ အခါမှာ နယ်မြေတစ်ခုမှာ တိုင်းရင်းသားဒေသတစ်ခုကို တစ်ဦးကျစီဆိုတာမျိုးက PR နဲ့လုံးဝမရပါဘူး၊ အဲ့တော့ တစ်ဦးထက်ပိုတဲ့ ရွေးကောက်မှုပုံစံဖြစ်မှပဲ၊ မဲဆန္ဒလဲ ကျယ်ကျယ်ပြန့်ပြန့် ရှိမှပဲ PR ပုံစံကအကြုံးဝင် မှာကိုး၊ အဲ့ဒါလေးလဲရှိပါတယ်၊နောက်တစ်ခုက လူပုဂ္ဂိုလ်ကို အခြေခံပြီးမှ ရွေးကောက်ထားတဲ့ စနစ်ပေါ့နော်၊ အခုက PR စနစ်ဆိုရင် FPTP နဲ့ နဲနဲလေး ကွဲသွားတယ်၊ PR စနစ်က ပါတီကို အခြေခံတာဖြစ်တဲ့ခါကျတော့ ပါတီဆိုတာမျိုးကို လက်ရှိဖွဲ့စည်းပုံက ကျနော်ထင်တယ် ကိုယ်စားမပြုနိုင်ဘူး၊ လွှတ်တော် ကိုယ်စားလှယ်ကိုပဲ အခြခံတာကိုးနော်၊ ပြည့်သူ့လွှတ်တော်ဖြစ်ဖြစ် အမျိုးသားလွှတ်တော်ဖြစ်ဖြစ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဖြစ်ဖြစ်လေ၊ အဲ့ဒီ ပုဒ်မတွေအားလုံးကို သုံးသပ်ပြီးတော့မှ စနစ်တကျပြန်ကြားဖို့ တာဝန်သည် ခုံရုံးမှာရှိသွားပါတယ်၊ အဲ့ဒါကြောင့် မဲဆန္ဒနယ် တစ်ခုတည်းဖန်တီးပြီးမှ ပြည်နယ် တိုင်းဒေသကြီးတစ်ခုကို မဲဆန္ဒနယ် သတ်မှတ်ပြီးမှ ၁၂ ဦးရွေးမယ်ဆိုတာမျိုးဆိုရင် ကျနော်တို့ မေးခွန်းဖြစ်လာနိုင်တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ဘာတို့ မှာ ပါတီကိုယ်စားပြုတဲ့ ပုံသဏ္ဍန်ဖြစ်တော့ ဒါတွေဟာ လက်ရှိကျနော်တို့ သုံးနှုန်းထားတဲ့ ဖွဲ့စည်းပုံရဖြစ်နိုင်ခြေ ရှိ မရှိ၊ ဒါလေးကိုပြန်သုံးသပ်ဖို့ လိုပါတယ်၊

ကိုကျော်သူ။         ။ ဆရာကျေးဇူးပါဆရာ၊ ကျေးဇူးပါ

ဒေါက်တာအေးမောင်။     ။ ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org