မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာ မဲရုံလုံခြုံရေးအတွက် စိုးရိမ်ရ
ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးရှိနေပါတယ်။
-
2015-10-21 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးရှိနေပါတယ်။ အဲဒီဒေသမှာ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေလည်း မဲဆွယ်စည်းရုံးဖို့ ခက်ခဲနေသလို ရွေးကောက်ပွဲကျင်းပမယ့် ရက်မှာလည်း မဲရုံလုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေက ပြောကြပါတယ်။
မိုင်းရှူးမြို့နယ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။