အိုးဘိုထောင်တွင်း ဆန္ဒပြမှု နဲ့ပတ်သက်ပြီး အကျဉ်းဦးစီး တာဝန်ရှိသူနဲ့ မေးမြန်းချက်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၃ နှစ်ပြည့်တဲ့ သြဂုတ် ၈ ရက် မနေ့ညပိုင်းက မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချို့ ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။

မန္တလေး၊ အိုးဘိုအကျဉ်းထောင်ကို တွေ့ရစဉ်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၃ နှစ်ပြည့်တဲ့ သြဂုတ် ၈ ရက် မနေ့ညပိုင်းက မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချို့ ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။

အခင်းဖြစ်ဖြစ်ချင်းမှာ ထောင်ထဲကို စစ်ကားသုံးစီး ဝင်သွားပြီး ပစ်ခတ်သံတွေကြားရတယ်၊ သေဆုံးထိခိုက် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီကိစ္စ အသေးစိတ်သိနိုင်ဖို့အတွက် မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဒုညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org