ပွင့်ဖြုုမြို့နယ် ရေဘေးကူညီဖို့ ၈၈ အဖွဲ့ သွားရောက်
ရေနစ်မြုပ်နေတဲ့ မကွေးတိုင်းဒေသကြီး ပွင့်ဖြုု မြို့နယ် ငန်းတော်ကျွန်းကျေးရွာက ဒေသခံတွေကို အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ အနုပညာရှင်တွေက ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
-
2015-08-03 -
-
-
Your browser doesn’t support HTML5 audio
ရေနစ်မြုပ်နေတဲ့ မကွေးတိုင်းဒေသကြီး ပွင့်ဖြုုမြို့နယ် ငန်းတော်ကျွန်းကျေးရွာက ဒေသခံတွေကို အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ အနုပညာရှင်တွေက ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ငန်းတော်ကျွန်းကျေးရွာကို လာရောက်လှူဒါန်းသူတွေ မရှိသေးတာကြောင်း ဆန်၊ ဆီနဲ့ သောက်သုံးရေတွေ အဓိကလိုအပ်နေတယ်လို့ အဲ့ဒီကျေးရွာကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်ကပြောပါတယ်။
မနုနုအောင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။