0:00 / 0:00
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA လက်အောက်ခံတပ်ဖွဲ့တွေက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တပ်ဖွဲ့တွေကို မနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
အဲ့ဒီကိစ္စကို မနေ့ကကျင်းပတဲ့ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲမှာ PNLO အဖွဲ့က တင်ပြခဲ့တာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီကိစ္စအပါအဝင် အပစ်ခတ်ရပ်စဲရေးစာချုပ်နဲ့ ပတ်သက်ပြီး PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။