တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၆ ဖွဲ့ထူထောင်မယ့် စီးပွားရေးကုမ္ပဏီ


2018.08.15

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းတည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရေရှည်ရပ်တည်ရေးအပြင် နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်နိုင်ရေးအတွက် အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကပြောပါတယ်။ ခွန်မြင့်ထွန်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။