စက်ယန္တရားများအောက်က အသက်ငင်နေသော ဖားကန့်
ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့ ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုမြှင့် တင်ရေးအဖွဲ့ (MATA) တို့ပူးပေါင်းပြီး “စက်ယန္တရား များ အောက်က အသက်ငင်နေသော ဖားကန့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
-
2016-03-26 -
-
-
Your browser doesn’t support HTML5 audio
ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့ ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုမြှင့်တင်ရေးအဖွဲ့ (MATA) တို့ပူးပေါင်းပြီး “စက်ယန္တရားများ အောက်က အသက်ငင်နေသော ဖားကန့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အစိုးရသစ်ဟာ မှန်ကန်တည့်မတ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ဖားကန့်အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းပေးသင့်တယ်လို့ MATA အဖွဲ့ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးရဲသိမ်းဦးကပြောပါတယ်။ ဦးရဲသိမ်းဦးကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။