ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲ အကြောင်း မေးမြန်းချက်
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ သုံးလေး ရက်ကစပြီး တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေ ပါတယ်။
-
2017-05-21 -
-
-
Your browser doesn’t support HTML5 audio
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ သုံးလေးရက်က စပြီး တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေပါတယ်။ တပ်မတော်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ကျူးကျော် ဝင်ရောက်လာတာဖြစ်ပြီး ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်လာရင် KIA အဖွဲ့က ရရှိနေတဲ့ ဝင်ငွေတွေလျော့ကျလာအောင် ရည်ရွယ်ချက်နဲ့ ဖြစ်ကြောင်း KIA အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။