ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ မနေ့ညပိုင်းက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်လို့ ရေမဆေးသမား ၅ ဦး သေဆုံးပြီး၊ ရေမဆေးသမား အယောက် ၂၀ နဲ့ ရဲတပ်တပ်ဖွဲ့ဝင် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ရေမဆေးသမားတွေအကြား မကြာခဏဖြစ်ပွားလေ့ရှိတဲ့ အဲဒီလိုအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org