ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့ စောင့်ကြည့်ရေးအဖွဲ့ ထားဖို့လို

ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်တွေ အကောင်အထည်ဖေါ်ရာမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား နှစ်ဘက်သဘောတူညီချက်တွေကို လိုက်နာမှု ရှိ မရှိ ဆိုတာအတွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ထားရှိဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ ဒီနေ့ အစည်းအဝေးဟာ တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဲဒီစည်းဝေးပဲွဲ တက်ရောက်ခဲ့သူ ကော်မတီအဖွဲ့ဝင် ကျောက်ဖြူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကို သတင်းထောက် ကိုကျော်သူက  ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org