တိုက်ပွဲအခြေအနေ PCG က လမိုင်ဂွန်ဂျာ ကို မေးမြန်းချက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းစခန်းကို တပ်မတော်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ပစ်ခတ်မှုတွေရှိတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကပြောပါတယ်။
-
2016-12-19 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းစခန်းကို တပ်မတော်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ပစ်ခတ်မှုတွေရှိတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင် နောက်ပိုင်းမှာ ငြိမ်းချမ်းရေးရဖို့ အလားအလာမကောင်းနိုင်တဲ့အတွက် စစ်ရေးဖိအားပေးမူတွေကို ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးကြဖို့ PCG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လမိုင်ဂွန်ဂျာ က ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ပြောရေးဆိုခွင့်ရှိသူ လမိုင်ဂွန်ဂျာ ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။