ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2017.12.17
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား သဘောတူညီထားတာတွေကို အလုပ်ရှင်ဖက်က အကောင်အထည်ဖော်ခြင်း မရှိလို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်ဟာ ဒီနေ့မနက်မှာ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ၈ လကျော်ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး ဒီနှစ် ဖေဖော်ဝါရီလမှာတော့ တောင်းဆိုချက်တွေကို လိုက်လျောမယ်ဆိုပြီး အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို ချုပ်ဆိုပြီး အလုပ်သမားတွေဖက်က သပိတ်စခန်းကို ပိတ်သိမ်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က စာချုပ်ထဲက အချက်တွေကို အကောင်အထည် ဖော်မပေးတဲ့အတွက် ဒီနေ့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်းက ပြောပါတယ်။
အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်း ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။