ပန်ဒါသပိတ်အလုပ်သမားတွေ နဲ့ အလုပ်ရှင် သဘောတူညီမှုရ

မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့မှာ အလုပ်ရှင် ဘက်က စာချုပ်ပါအချက်လက်တွေကို ချိုးဖောက်လို့ ၈ လကျော်ကြာ ဆန္ဒပြနေတဲ့ ပန်ဒါအထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား မူအားဖြင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိပြီလို့ မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ အမျိုးသား လွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေး ရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့မှာ အလုပ်ရှင်ဘက်က စာချုပ်ပါအချက်လက်တွေကို ချိုးဖောက်လို့ ၈ လကျော်ကြာ ဆန္ဒပြနေတဲ့ ပန်ဒါအထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား မူအားဖြင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိပြီလို့ မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။

ပြန်လည်ချုပ်ဆိုမယ့် အလုပ်သမား၊ အလုပ်ရှင်သဘောတူစာချုပ်မှာ အလုပ်ထုတ်ထားတဲ့ အလုပ်သမားခေါင်းဆောင် ၄ ယောက်ထဲက ခေါင်းဆောင် ၂ ယောက်ကို ပြန်ခန့်ဖို့ အလုပ်ရှင်က သဘောတူထားတယ်လို့ သိရပါတယ်။

ဦးကျော်ထွေးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org