စပါးကို တရားမဝင်ဝယ်ယူနေတဲ့ တရုတ်ကုန်သည်တွေအကြောင်း မေးမြန်းချက်
မန္တလေးတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက ထွက်ရှိတဲ့ စပါးတွေကို တရုတ်ကုန်သည်တွေက ပွဲစားတွေကနေတဆင့် ပြည်တွင်းပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူနေတဲ့အတွက် မန္တလေးတိုင်းအတွင်းက ဆန်စက်အများစု ပိတ်ထားရပါတယ်။
-
2017-10-14 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက ထွက်ရှိတဲ့ စပါးတွေကို တရုတ်ကုန်သည်တွေက ပွဲစားတွေကနေတဆင့် ပြည်တွင်းပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူနေတဲ့အတွက် မန္တလေးတိုင်းအတွင်းက ဆန်စက်အများစု ပိတ်ထားရပါတယ်။ အဲဒီလို ဝယ်ယူတာဟာ တရားမဝင်တဲ့အတွက် ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောတယ်လို့ ဝန်ကြီးနဲ့ ဆန်ကုန်သည်တွေ တွေ့ဆုံစဉ်မှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။
ဦးစိုင်းကျော်ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။