ကျောင်းသား ၉ ဦးအမှုကို တရားရုံးလက်ခံ

0:00 / 0:00

စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ကျောင်းသား ၉ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့အမှုကို ပုသိမ်မြို့နယ် တရားရုံးက မနေ့က လက်ခံလိုက်ပါတယ်။

တရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ပြဇာတ်ကရာမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ခန့်ဇော်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။