မြစ်ကြီးနားမြို့က မနောကွင်းကို မဲဆွယ်စည်းရုံးရာမှာ အသုံးမပြုဖို့ ထုတ်ပြန်တားမြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ အသုံးမပြု ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်တားမြစ် လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ အသုံးမပြု ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်တားမြစ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ မနောကွင်းထဲ လူထုတွေ့ဆုံပွဲပြုလုပ်ဖို့ ကချင်လူမျိုးများရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဆီ တင်ပြထားခဲ့ပေမယ့် ပြည်နယ်အစိုးရက အခုလိုတားမြစ်လိုက်တဲ့အတွက် မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ပြောပါတယ်။

ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးလဂျိုင်ဟောင်းခေါင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org