NLD ပါတီဝင် ဦးဇော်မြတ်လင်း ဖမ်းဆီးခံရပြီး သေဆုံးမှု

ရန်ကုန် ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း မနေ့က သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း။ Photo: Zaw Myat Linn/Facebook

ရန်ကုန် ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း မနေ့က သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။

စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်းဟာ မတ်လ ၈ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။ ဦးဇော်မြတ်လင်းရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org