NLD ကိုယ်စားလှယ် ဦးစောနွဲ့ခွန်ဆိုင်ခမ်းနဲ့ မေးမြန်းချက်
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မချမ်းဘော မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရားဝမ်ဂျုံး ဟာ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ငွေကြေးနဲ့ မဲဆွယ်မှုတွေရှိခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ငွေကျပ် ၅ သိန်းတင်ပြီး ကန့်ကွက်ထားပါတယ်။
-
2015-12-08 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မချမ်းဘောမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရားဝမ်ဂျုံး ဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ငွေကြေးနဲ့ မဲဆွယ်မှုတွေ ရှိခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ ငွေကျပ် ၅သိန်းတင်ပြီး ကန့်ကွက်ထားပါတယ်။
အဲဒီကန့်ကွက်မှုကြောင့် ဦးရားဝမ်ဂျုံကို ကော်မရှင်က ခုံရုံးဖွဲ့ပြီး စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ကန့်ကွက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောနွဲ့ခွန်ဆိုင်ခမ်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။