0:00 / 0:00
ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့တွေက KIO ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တွေနဲ့ KIO ဗဟိုကော်မတီဝင်တွေ တွေ့ဆုံခဲ့သလို NCCT အဖွဲ့ရဲ့ အစည်းအဝေးတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲတွေ အစည်းအဝေးတွေနဲ့ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။