0:00 / 0:00
အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်နှက်ကိုင်အဖွဲ့အစည်းအားလုံး မပါဝင်တဲ့အတွက် နေပြည်တော်မှာ အောက်တိုဘာလ (၁၅) ရက်ကျရင် ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲကို မတက်ဘူးလို့ (UNA ) စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် ကပြောပါတယ်။
ဦးအေးသာအောင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။