ဒရုန်းလွှတ်တင်လို့ အဖမ်းခံထားရသူ မိသားစုနဲ့ တွေ့ခွင့်မရ
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို မောင်သူမဲ့ လေယာဉ်ငယ် (Drone) သုံးပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့အတွက် နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ၆ ရက်ရှိပြီဖြစ်ပါတယ်။
-
2017-11-02 -
-
-
Your browser doesn’t support HTML5 audio
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို မောင်သူမဲ့ လေယာဉ်ငယ် (Drone) သုံးပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့အတွက် နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ၆ ရက်ရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်ဆေးခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ မိဘဆွေမျိုးတွေကို အကြောင်းကြားတာ မရှိသေးသလို တွေ့ခွင့်လည်း မရသေးဘူးလို့ စစ်ဆေးခံနေရသူတစ်ယောက်ဖြစ်တဲ့ ဦးအောင်နိုင်စိုးရဲ့ သူငယ်ချင်း ဦးရဲထူးက ပြောပါတယ်။
ဦးရဲထူးကို RFA သတင်းထောက် ကိုထက်အာကာက ဆက်သွယ်မေးမြန်းထားပါတယ်။