၂၅ နှစ်အတွင်း အာရှထိပ်သီး ဖြစ်နိုင်တယ်လို့ ဒေါက်တာနေဇင်လတ် ခန့်မှန်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတြ ဦးသိန်းစိန် တို့အကြား အပြန်အလှန် လေးစား နားလည်မှု ရှိတာကို မိမိ အားရစရာ သိရှိရကြောင်း၊ စီးပွါးရေးမြုပ်နှံမှုတွေလည်း အကြီးအမား ဝင်ရောက်ဖို့ ရှိနေပြီဖြစ်တဲ့အတွက် လက်ရှိ တိုးတက်မှုတွေ အတိုင်းဆိုရင် လာမယ့် ၂၅ နှစ်တာ ကာလမှာ မြန်မာနိုင်ငံဟာ အာရှထိပ်သီး ၃ နိုင်ငံ စာရင်း ဝင်နိုင်ကြောင်း သမ္မတဦးသိန်းစိန် ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က RFA ကိုပြောပါတယ်။
-
2011-11-23 -
-
-
သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်ကို ၂၀၁၁ ခုနှစ် အာဆီယံ ညီလာခံတွင် တွေ့ရစဉ်။
RFA
ဘာလီကျွန်း မှာကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံကို သမ္မတနဲ့လိုက်ပါလာခဲ့တဲ့ ဒေါက်တာနေဇင်လတ် ကို ဦးခင်မောင်စိုးက မြန်မာကိုယ်စားလှယ်တွေ တည်းခိုရာ နစ်ကိုးအပန်းဖြေဟိုတယ်မှာ နိုဝင်္ဘာလ ၁၈ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့တာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |