လယ်သမား သမဂ္ဂအဖွဲ့ဝင် ရိုက်နှက်ခံရပြီး သေဆုံး
ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ကို နောင်ချိုမြို့နယ် ပလောင်ကုန်း ကျေးရွာက လူ ၂၀ နီးပါးခန့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။
-
2017-11-02 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ကို နောင်ချိုမြို့နယ် ပလောင်ကုန်း ကျေးရွာက လူ ၂၀ နီးပါးခန့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဝိုင်းဝန်းရိုက်နှက်ခံရတဲ့ ဦးဌေးအောင်ဟာ မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသနေရင်း နိုဝင်ဘာလ ၁ ရက်နေ့ မနေ့က သေဆုံးသွားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဌေးအောင်အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ နော်အုန်းလှ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။