နာဂဒေသမှာ အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ၃၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အမည်မသိရသေးတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ၃၃ ဦး သေဆုံး ခဲ့ပြီး လူဦးရေ ၂၀၀ ဝန်းကျင်လောက် ဝေဒနာ ခံစားနေရပါတယ်။

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အမည်မသိရသေးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ၃၃ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၀၀ ဝန်းကျင်လောက် ဝေဒနာခံစားနေရပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အောက်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး အဲ့ဒီဒေသတွေမှာ ကုသဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ဆေးဝါးတွေ မလုံလောက်ဘူးလို့ လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။

ဦးလော်ယုံ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org