စာရေးဆရာ မျိုးကိုမျိုးရဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထု

အချစ်-ဟာသ ဝတ္ထုတွေနဲ့အောင်မြင်နေတဲ့ စာရေးဆရာ မျိုးကိုမျိုး အခု နောက်ဆုံးထုတ်ဝေမယ့် လမင်းဖြူရဲ့ ကောင်းကင် ဆိုတဲ့ လုံးချင်းဝတ္ထုဟာ ၁၉၈၈ နိုင်ငံရေးနောက်ခံနဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကို ဇာတ်ကောင်ထား ရေးသားထားတဲ့ စာအုပ်ပါ။

စာပေ စိစစ်ရေးဌာနရဲ့ ခွင့်ပြုချက် ရထားပြီဖြစ်လို့ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး ထုတ်ဝေခွင့် ရတဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုလို့ ဆိုရမှာပါ။ ဒီစာအုပ်ကို ဒီကနေ့ စတင်ဖြန့်ချိတော့မယ်လို့ စာရေးသူက RFA ကိုပြောပါတယ်။

စာရေးဆရာ မျိုးကိုမျိုး ဟာ ၁၉၈၈ က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်တစ်ဦး ဖြစ်ပြီး ထောင် ၆ နှစ်ကျခဲ့ဖူးပါတယ်။ သူဟာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုဂျင်မီရဲ့ အကိုလည်း ဖြစ်ပါတယ်။

စာရေးဆရာ မျိုးကိုမျိုး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org